Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် ကုန်းသာ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ စတုတ္ထအကြိမ် ထုတ်ချေး


10 May,2024

မင်းဘူး မေ ၁၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဆီထွက်သီးနှံစိုက်ပျိုးတောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ ကုန်းသာ ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ စတုတ္ထ အကြိမ် ပြန်လည်ထုတ်ချေးခြင်းကို မေလ ၉ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကျေးရွာအရောက် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာဝင်း က မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) လက်စွဲစာစောင်ပါ လမ်းညွှန် ချက်များ၊ စီမံကိန်း ဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ ၊ ချေးငွေထုတ်ချေးယူမည့် အသင်းဝင်များအနေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုသည့်အချက်များ၊ ကျေးရွာနေ ပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓါတ်တို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဥပဒေ၊နည်းဥပဒေ များအကြောင်းကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာဝင်း နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) လုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) လုပ်ငန်းအဖွဲ့ဝင်များက ကုန်းသာ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေ စတုတ္ထ အကြိမ်အဖြစ် ဆီထွက်သီးနှံ  စိုက်ပျိုးမည့် တောင်သူ ၁၀၅ ဦး ထံသို့ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေ ကျပ်သိန်း  ၃၀၀ သိန်း တိတိ ထုတ်ချေးပေးခဲ့ကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာဝင်း ထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm